ဘာသာရေး/ခေါင်းဆောင်များ/အား ပြစ်တင်ရှုတ်ချတော်မူခြင်း
23
ယေရှု/က လူထုပရိသတ်များ/နှင့် မိမိ/တပည့်တော်တို့/အား 2 “ကျမ်းတတ်ဆရာများ/နှင့် ဖာရိရှဲတို့/သည် မောရှေ/၏/ပညတ်ကျမ်း/ကို အနက်ဖွင့်/ရန် အခွင့်အာဏာ/ရရှိထားသူများ/ဖြစ်ကြ၏။a 3 ထို့ကြောင့် သူတို့/သွန်သင်/သမျှ/ကို နာခံ/၍/လုပ်ဆောင်ကြလော့။ သို့သော်လည်း သူတို့/၏ အကျင့်/အတိုင်း မကျင့်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့/သည် မိမိတို့/သွန်သင်သည့်/အတိုင်း ကိုယ်တိုင်/မလုပ်ဆောင်ကြ/သောကြောင့်/ဖြစ်၏။ 4 သူတို့/သည် လေးလံ/၍/ထမ်းရခက်သော/ဝန်ထုပ်များ/ကို လူတို့/အား ထမ်းစေကြ/သော်လည်း ကိုယ်တိုင်/ကမူ ထို/အရာတို့/ကို လက်ဖျား/နှင့်မျှ မတို့ကြ။5 သူတို့/လုပ်ဆောင်သမျှ/သည် လူ/မြင်သာ/စေရန်/သာ ဖြစ်၏။ သူတို့/၏/လက်မောင်းများ/ပေါ်တွင် ကျမ်းစာပိုဒ်များ/ပါရှိသည့် အဆောင်/ကို အပြားကြီး/ပြုလုပ်/၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်/ပါသော/ဝတ်ရုံတို့/ကို/လည်း ဝတ်ဆင်တတ်ကြ၏။ 6 ဧည့်ခံပွဲများ/တွင်လည်း အထူး/ခုံ/၌/လည်းကောင်း၊ ဂျူးဝတ်ပြုဆောင်/တွင် အထူး/နေရာများ/၌/လည်းကောင်း ထိုင်/လိုကြ၏။ 7 ဈေးအရပ်တို့/တွင် လူတို့/၏/ရိုသေ/စွာ နှုတ်ဆက်ခြင်း/ကို/လည်းကောင်း၊ ဆရာတော်b/ဟု ခေါ်ကြခြင်း/ကို/လည်းကောင်း နှစ်သက်ကြ၏။
8 သို့သော်လည်း သင်တို့/သည် ဆရာတော်/ဟု ခေါ်ဝေါ်ခြင်း/ကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့/တွင် ဆရာ/တစ်ပါးတည်း/သာ/ရှိ/သောကြောင့်/ဖြစ်၏။ သင်တို့/အားလုံး/သည်လည်း ညီအစ်ကို/မောင်နှမများc/ဖြစ်ကြ၏။ 9 ဤ/ကမ္ဘာမြေ/ပေါ်၌ မည်သူ့/ကို/မျှ အဖ/ဟု မခေါ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ/တွင် သင်တို့/၏ အဖ/တစ်ပါးတည်း/ရှိတော်မူ/သောကြောင့်/ဖြစ်၏။ 10 သင်တို့/အား ခေါင်းဆောင်/ဟု ခေါ်ဝေါ်သည်/ကိုလည်း မခံကြနှင့်။ သင်တို့/တွင် ခရစ်တော်d/ဟူသော ခေါင်းဆောင်/တစ်ပါးတည်း/ရှိ၏။ 11 သင်တို့/ထဲတွင် အကြီးမြတ်ဆုံးသော/သူ/သည် သင်တို့/၏ အစေခံ/ဖြစ်/ရမည်။ 12 မိမိကိုယ်ကိုယ် ချီးမြှောက်သော/သူ/သည် နှိမ့်ချခြင်း/ကို ခံရ/လိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသော/သူ/သည် ချီးမြှောက်ခြင်း/ကို ခံရ/လိမ့်မည်။
13 သူတော်ကောင်း/ယောင်ဆောင်သော ကျမ်းတတ်ဆရာများ/နှင့် ဖာရိရှဲတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ကောင်းကင်/နိုင်ငံတော်/၏/တံခါး/ကို လူတို့/ရှေ့/မှ ပိတ်ထား/၍ သင်တို့/ကိုယ်တိုင်/လည်း/မဝင်၊ ဝင်လိုသည့်/သူများ/ကိုလည်း ဝင်ခွင့်/မပေးဘဲ နေကြ/သောကြောင့်/ဖြစ်၏။
14 သူတော်ကောင်း/ယောင်ဆောင်သော ကျမ်းတတ်ဆရာများ/နှင့် ဖာရိရှဲတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် မုဆိုးမတို့/၏ အိမ်များ/ကို သိမ်းယူတတ်ပြီး ရှည်လျား/စွာ/ဆုတောင်းခြင်း/ဖြင့် ဘာသာရေးကိုင်းရှိုင်း/သကဲ့သို့ ဟန်ဆောင်တတ်ကြ/သောကြောင့်/ဖြစ်၏။ သို့ဖြစ်၍ သင်တို့/သည် ပို၍ ကြီးလေးသော/ပြစ်ဒဏ်/ကို ခံရကြ/လိမ့်မည်။e
15 သူတော်ကောင်း/ယောင်ဆောင်သော ကျမ်းတတ်ဆရာများ/နှင့် ဖာရိရှဲတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် လူတစ်ဦး ဂျူးဘာသာဝင်/ဖြစ်လာ/စေရန် တောတောင်ရေမြေ/ကို ဖြတ်/၍ လှည့်လည်ကြပြီး ဘာသာဝင်/ဖြစ်လာ/သောအခါ ထို/သူ/ကို သင်တို့/ထက် နှစ်ဆ/ပို၍ ငရဲ/သို့/လားထိုက်သူ ဖြစ်စေကြ/သောကြောင့်/ဖြစ်၏။
16 မျက်မမြင်သော/လမ်းပြတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/က ‘တစ်စုံတစ်ဦး/သည် ဗိမာန်တော်/ကို တိုင်တည်/၍ ကျိန်ဆို/လျှင်/မတည်နိုင်ပါ။ ဗိမာန်တော်/အတွင်း/ရှိ ရွှေ/ကို/တိုင်တည်/၍ ကျိန်ဆို/မှသာ တည်သည်’ ဟု ဆိုတတ်ကြ/သောကြောင့်/ဖြစ်၏။ 17 မိုက်မဲသော/မျက်မမြင်တို့… မည်သည့်/အရာ/သည် သာ/၍ ကြီးမြတ်/သနည်း။ ထို/ရွှေ/လော၊ သို့မဟုတ် ထို/ရွှေ/ကို သန့်ရှင်းစေသော/ဗိမာန်တော်/လော။ 18 ထို့ပြင် ‘တစ်စုံတစ်ဦး/သည် ယဇ်ပလ္လင်/ကို တိုင်တည်/၍ ကျိန်ဆို/လျှင်/မတည်နိုင်ပါ။ ယဇ်ပလ္လင်/ပေါ်/ရှိ လှူဖွယ်ပစ္စည်း/ကို/တိုင်တည်/၍ ကျိန်ဆို/မှသာ တည်သည်’ ဟု ဆိုတတ်ကြ၏။ 19 မျက်မမြင်တို့… မည်သည့်/အရာ/သည် ပို/၍ ကြီးမြတ်/သနည်း။ လှူဖွယ်ပစ္စည်း/လော၊ သို့မဟုတ် ထို/လှူဖွယ်ပစ္စည်း/ကို သန့်ရှင်းစေသော/ယဇ်ပလ္လင်/လော။ 20 ထို့ကြောင့် တစ်စုံတစ်ဦး/သည် ယဇ်ပလ္လင်/ကို တိုင်တည်/၍ ကျိန်ဆို/လျှင် ယဇ်ပလ္လင်/မျှ/သာမက ယဇ်ပလ္လင်/ပေါ်၌ ရှိသော အရာ/အားလုံး/ကိုလည်း တိုင်တည်/၍ ကျိန်ဆို၏။ 21 တစ်စုံတစ်ဦး/သည် ဗိမာန်တော်/ကို တိုင်တည်/၍ ကျိန်ဆို/လျှင် ဗိမာန်တော်/မျှ/သာမက ဗိမာန်တော်/၌ စံမြန်းသော/ဘုရားသခင်/ကိုလည်း တိုင်တည်/၍ ကျိန်ဆို၏။ 22 တစ်စုံတစ်ဦး/သည် ကောင်းကင်ဘုံ/ကို တိုင်တည်/၍ ကျိန်ဆို/လျှင် ဘုရားသခင်/၏/ရာဇပလ္လင်တော်/မျှ/သာမက ထို/ပလ္လင်တော်/ပေါ်တွင် ထိုင်တော်မူသော/ဘုရားသခင်/ကိုလည်း တိုင်တည်/၍ ကျိန်ဆို၏။
23 သူတော်ကောင်း/ယောင်ဆောင်သော ကျမ်းတတ်ဆရာများ/နှင့် ဖာရိရှဲတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ပင်စိမ်းရွက်၊ စမုန်စပါး/နှင့် ဇီရာစေ့/တို့/ကို ဆယ်ပုံတစ်ပုံ/လှူဒါန်းကြ/သော်လည်း ပညတ်ကျမ်း/ထဲမှ ပို၍/အရေးကြီးသော တရားမျှတခြင်း၊ သနားကြင်နာခြင်း/နှင့် ယုံကြည်ခြင်း/တို့/ကိုမူ လျစ်လျူရှုထားကြ/သောကြောင့်/ဖြစ်၏။ ဆယ်ပုံတစ်ပုံ/ကို လှူဒါန်းကြရမည်/မှန်/သော်လည်း ထို/ထက်/အရေးကြီးသော အချက်တို့/ကို လျစ်လျူမရှုသင့်ပေ။ 24 မျက်မမြင်သော/လမ်းပြတို့… သင်တို့/သည် ခြင်တစ်ကောင်/ကိုမျှ မမျိုမိ/စေရန် ရေကို/စစ်ကြ/သော်လည်း ကုလားအုတ်/ကိုမူ မျိုချကြပြီ။f
25 သူတော်ကောင်း/ယောင်ဆောင်သော ကျမ်းတတ်ဆရာများ/နှင့် ဖာရိရှဲတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ခွက်/နှင့်/ပန်းကန်/၏ အပြင်ဘက်/ကို ဆေးကြောကြ/သော်လည်း အတွင်း/၌/မူ လောဘကြီးခြင်း၊ စိတ်အလိုလိုက်ခြင်း/တို့/နှင့် ပြည့်ကြ/သောကြောင့်/ဖြစ်၏။ 26 အို မျက်မမြင်သော/ဖာရိရှဲ… ခွက်/နှင့်/ပန်းကန်g/၏ အတွင်းဘက်/ကို ဦးစွာ/ဆေးကြောလော့။ ထိုသို့ပြုလျှင် အပြင်ဘက်/သည်လည်း သန့်ရှင်း/လိမ့်မည်။
27 သူတော်ကောင်း/ယောင်ဆောင်သော ကျမ်းတတ်ဆရာများ/နှင့် ဖာရိရှဲတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ထုံးဖြူ/သုတ်ထားသော အုတ်ဂူများ/နှင့်/တူ/၍ အပြင်ဘက်/၌ လှပ/သော်လည်း အတွင်း/တွင်မူ လူသေရိုးများ/နှင့် အညစ်အကြေး/ပေါင်းစုံ/တို့ဖြင့် ပြည့်/လျက်/ရှိ/သောကြောင့်/ဖြစ်၏။ 28 သင်တို့/သည်လည်း အပြင်ပန်း/အားဖြင့် ဖြောင့်မတ်ဟန်/ရှိ၏။ သို့သော်လည်း အတွင်း/တွင် သူတော်ကောင်း/ယောင်ဆောင်ခြင်း/နှင့် တရားမဲ့ခြင်း/တို့/ဖြင့် ပြည့်/လျက်/ရှိ၏။
29 သူတော်ကောင်း/ယောင်ဆောင်သော ကျမ်းတတ်ဆရာများ/နှင့် ဖာရိရှဲတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် သင်တို့/ဘိုးဘေးများ/သတ်ခဲ့သော ပရောဖက်တို့/အတွက် သင်္ချိုင်းဂူများ/ကို ဆောက်လုပ်ပေးကြ/သောကြောင့်/ဖြစ်၏။ သင်တို့/ဘိုးဘေးများ သတ်ခဲ့သည့်/ဖြောင့်မတ်သော/သူတို့/၏ အထိမ်းအမှတ်/ကျောက်တိုင်များ/ကို အလှဆင်ကြ၏။ 30 ထို့နောက် ‘ငါတို့/သည် ဘိုးဘေးတို့/လက်ထက်/၌/ရှိခဲ့/ပါက ပရောဖက်တို့/ကို သတ်သော/အမှု/တွင် ပူးပေါင်းမည်/မဟုတ်ပါ’ ဟု ဆိုကြ၏။
31 ဤသို့ ပြောဆိုခြင်း/ဖြင့် သင်တို့/သည် ပရောဖက်များ/ကို သတ်သော/မျိုးဆက်များ/ဖြစ်ကြောင်း ကိုယ်တိုင်/သက်သေခံကြ၏။ 32 သို့ဖြစ်၍ သင်တို့/ဘိုးဘေးများ စတင်ခဲ့သော/ပြစ်မှု/ကို အဆုံး/တိုင်အောင် ကျူးလွန်ကြလော့။ 33 မြွေဆိုး/နှင့် မြွေပွေး/အမျိုးတို့… သင်တို့/သည် ငရဲ/သို့/သွားရမည့် အပြစ်ဒဏ်/မှ မည်သို့/လွတ်နိုင်ကြမည်နည်း။
34 ထို့ကြောင့် ငါ/သည် ပရောဖက်များ၊ ပညာရှင်များ/နှင့် ကျမ်းတတ်ဆရာများ/ကို သင်တို့/ထံ စေလွှတ်မည်။ သို့သော် သင်တို့/သည် တချို့/ကို လက်ဝါးကပ်တိုင်/တွင် သတ်ကြ/လိမ့်မည်။ တချို့/ကို ဝတ်ပြုဆောင်များ/တွင် ရိုက်/၍ တစ်မြို့/ပြီး/တစ်မြို့ လိုက်လံ/ဖမ်းဆီးကြ/လိမ့်မည်။ 35 သို့ဖြစ်၍ ဖြောင့်မတ်သူ/အာဗေလ/၏/သွေး/မှစ၍ ယဇ်ပလ္လင်/နှင့် ဗိမာန်တော်/ကြား/၌ သင်တို့/သတ်ခဲ့သည့် ဗာရခိ/သား ဇာခရိ/၏/သွေး/တိုင်အောင် ကမ္ဘာပေါ်/၌ ပရောဖက်/ရှိသမျှတို့ ပေးဆပ်ခဲ့ရသော/သွေးကြွေး/ကို သင်တို့/ပြန်ဆပ်ရ/လိမ့်မည်။ 36 သင်တို့/အား ငါ/အမှန်/ဆို၏။ ဤ/စီရင်မှု/ရှိသမျှ/သည် ယခု/ရှိသော/မျိုးဆက်များ/အပေါ် ကျရောက်/လိမ့်မည်။
ဂျေရုဆလင်မြို့/အတွက် ဝမ်းနည်းပူဆွေးတော်မူခြင်း
37 အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်/သည် ပရောဖက်များ/ကို သတ်ဖြတ်/၍ သင့်/ထံသို့ ဘုရားသခင်/စေလွှတ်တော်မူသော တမန်တော်များ/ကို ကျောက်ခဲ/နှင့် ပေါက်သတ်၏။ ကြက်မ/သည် ကြက်ကလေးများ/ကို သူ/၏ တောင်ပံ/အောက်/၌ အုပ်/၍ ကာကွယ်/သကဲ့သို့ သင်/၏ သားသမီးတို့/ကို စုစည်း/စေရန် အကြိမ်ကြိမ် ငါ/အလိုရှိ၏။ သို့သော်လည်း သင်/သည် ထိုသို့ အလို/မရှိ။ 38 သင်တို့ အိမ်/သည် လူသူကင်းမဲ့သော/အရပ်h/အဖြစ် စွန့်ပစ်ထားခြင်း/ခံရ/လိမ့်မည်။ 39 သင်တို့/အား ငါ/ပြောဆိုသည်/မှာ ‘ထာဝရဘုရား/၏/အမည်/နာမ/နှင့် ကြွလာသော/အရှင်/သည် မင်္ဂလာ/ရှိပါစေသော’i ဟူ၍ သင်တို့/မကြွေးကြော်/မီ/အထိ သင်တို့/သည် ငါ့/ကို မည်သည့်/အခါမျှ မြင်ရ/လိမ့်မည်/မဟုတ်” ဟု မိန့်တော်မူ၏။